Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  February 16, 2023

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -နေပြည်တော်မှာ ဒေသဆိုင်ရာ စစ်ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ နတ်ကန်တော့ပွဲနဲ့ ယတြာချေတာ တွေကို တောက် လျှောက် လုပ်နေရပြီး တောင်ပိုင် ဘိုးဘိုးကြီး၊ မြင်းဖြူရှင် ဘိုးဘိုးကြီး ၊ တောင်ပိုင် အမေမယ်ညိုတို့ဆီမှာ အသက်ခန္ဓာပေး- အပ်နှံပွဲတွေ၊ စောင့်ရှောက်ပေးဖို့ တောင်းပန်ပွဲပေးတာတွေ လုပ်နေရတယ်လို့ သိရပါတယ်။ - တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်-လမ်းပိုင်း၊မိုင်တိုင် ၂၂ မှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ် တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှာ စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း သေသွားတယ်လို့ ရေဖြူမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမ-ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi